....

.

WarmLY wELcOmE tO cHiT SaN EiN

Thursday, October 1, 2015

HAPPY BIRTHDAY K !


~ Ko Ki ~
 

Today is the October 1st
That is your date of birth
Starting now on to future
Happy happy new year !

Wednesday, September 30, 2015

ဆန္ဒ

~ Kk ~

အတိတ်ကို ပြန်တူးဖော်ခွင့်မရှိရင်တောင်
အနာဂတ်နေ့ကို
မင်းနဲ့အတူ .. ဖြတ်သန်းချင်တယ်

Wednesday, October 1, 2014

HAPPY BIRTHDAY K !


~ Ko Ki ~

Today is the October 1st
That is your date of birth
Starting now on to future
Happy happy new year !

Tuesday, September 30, 2014

ရင်လွဲသူ


~ Kk ~

မင်း မသိမ်းပိုက်ခင်ကတည်းက အလံဖြူပြထားတဲ့ နှလုံးသား
သွေးချင်းချင်းနီပါစေ ဖြတ် လျှောက် သွား လိုက် ပါ
မဲ့ပြုံး .. ထေ့ပြုံး .. လှောင်ပြုံး
မင်း ကြိုက်သလို ပြုံးနိုင်ဖို့
ပေးနိုင်သမျှထက်ပိုပြီး အဆုံးခံထားပါတယ်

Friday, September 26, 2014

အသိ နဲ့ အကျင့်..။


~ Ko Ki ~

မင်းတို့တွေ ဈေးဝယ်တဲ့အခါဖြစ်ဖြစ်၊ မင်းတို့ဆိုင်မှာ ဈေးလာဝယ်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ ပိုက်ဆံပေးတဲ့  ပြန်အမ်းတဲ့အခါမျိုး မှာ ငွေစက္ကူအသစ်ကို ပေးသလား ဒါမှမဟုတ် အဟောင်းကို ပဲ ရွေးပေး သလားတဲ့..။

Monday, September 15, 2014

မညီမျှခြင်းးများး


~ Kk ~

၂၇ ဆိုတဲ့ဂဏန်းတစ်ခုရချိန်အထိ
ငါ့ဇာတ်ညွှန်းမှာ အဆင်မပြေမှုတွေပဲပွစာတက်
နှစ်ရှည်လများ ဒဏ်ရာရနေတဲ့စိတ်နဲ့ ခပ်ပေါ့ပေါ့လေချွန်နိုင်ဖို့တော့
အတော်ဝေးးသေးးတယ်

မိရိုးဖလာအစဉ်အလာပုံစံခွက်ထဲမှာ
ရေလိုက် ငါးလိုက် အနေလွန်ရင်းး
အပြုံးတောင် အတုအစစ် မခွဲတတ်ချင်တော့ဘူး
ကံကြမ္မာကလည်း ငါ့အတွက်ဆို လွမ်းးခန်းးသာသီးသန့်ချန်ပေးတယ်

Friday, July 25, 2014

အော်...ကိုအောင်ထွန်းရယ်..။


~ Ko Ki ~


ကလင်...ကလင်..ကလင်..
 
ကိုအောင်ထွန်းတစ်ယောက် ဗိုက်ဆာလာလို့ အဲလေ..ဗိုက်နာလာလို့ အိမ်သာသွားမလို့လုပ်တုန်း တယ်လီဖုန်းက မြည်လာသည် ။

မိုးစံများ ကောက်ကိုင်လေမလားလို့ လှမ်းကြည့်လိုက်တော့ ငတိမလေးက ဒီယံရဲ့ တေးသွား ကို ခေါင်းလေး တယမ်းယမ်းနဲ့ လိုက်ဆိုနေတယ် ။ တယ်လီဖုန်းမြည်သံကို ကြားတောင်မှ ကြားလိုက်မိရဲ့ လား မသိဘူး ။

ကလင်...ကလင်..ကလင်..

Wednesday, July 23, 2014

သူ့အလှည့် ကိုယ့်အလှည့်


~ Kk ~

အရင်က ..
ချစ်သူကို ကိုယ်က အရူးလုပ်တယ်
ခုတော့ ..
ချစ်သူ အရူးလုပ်တာ ကိုယ်ခံလိုက်ရတယ်

Thursday, May 8, 2014

လာချင်တာပေါ့..။


~ Ko Ki ~

လာချင်တာပေါ့ ။

အဲဒီမှာက…

မှတ်ပုံတင်ပါမလာဘဲ လေယာဉ်စီးလာခဲ့ရင်တောင် ဟဲဟိုးလေဆိပ်မှာ အစစအဆင်ပြေအောင် ဆောင်ရွက်
ပေးနိုင်တဲ့ ကိုတင်မင်းကြီး ရှိတယ်။

Monday, May 5, 2014

တစ်ပိုင်းတစ်စ ဒိုင်ယာရီ


~ Kk ~ 

သွေးလန့်နေတဲ့ စက္ကန့်တွေရယ်
နာနာကျင်ကျင် ပြုံးပြုံးပြနေရတဲ့ မိနစ်တွေရယ်မှာ
စိတ်ရဲ့ အပြင်ဘက်ပဲ လူက ထွက်ထွက်ထိုင်နေရတယ်
မေတ္တာဆိုတာနဲ့ ချုပ်နှောင်မယ်
သံယောဇဉ်ကြိုးကြီးကြီး နဲ့ ချည်ထားမယ်
ပတ်ပတ်လည် ဘောင်ပိတ်ခတ်ထားပြီးမှ
မင်းအတွက်ပါ ကလေးရယ် ဆိုတဲ့စကားလေးက
နားထောင်ရတာ မချိုလှဘူး

Monday, April 28, 2014

လွမ်းးမိတဲ့ အသံများးး


~ Ko Ki ~

အနန္တငါးပါးကို ရှိခိုးပါ၏ ဘုရားး

ပြန်ဆိုလိုက်ကြစမ်းးးးးးး

အနန္တငါးပါးကို………….

ဟောတော်…ကိုအေးမောင်ရယ်

ဈေးဖိုးသွားတောင်းတာ စောင့်နေရလို့

ကြာနေတာပါဆို…………

ဟေ့ ဇီးကွက်ရေ

နက်ဖြန် ဦးမြငွေတို့အကွက်

ငရုပ်သီးဆွတ်ဖို့ ညည်းပါတယ်နော်…………

ဟာ ဒီနွားးး

ကပ်ဖိုးကပ်ဖဲ့နဲ့

ငါ လုပ်လိုက်ရင် နာတော့မှာပဲ…………

မသင်းနွယ်ရေ ခင်ဗျားကြီးကို ကျုပ်ချစ်တယ်ဗျ

ဟာ ဒီသေနာကောင် မူးမူးရူးရူးနဲ့

ခေါင်မိုးပေါ်က ပြုတ်ကျလို့ မသာပေါ်တော့မှာပဲ…………

ရန်သူငါးပါးထဲမှာ

မညှာမတာ ဘယ်သူ့မှ မထောက်ပါ

သူခိုးဓားပြထက် ဆိုးတဲ့ ရန်သူဟာ…………

Tuesday, April 1, 2014

ရင်ထဲက “နွေ”


~ Kk ~

စိတ်နဲ့ လိုက်ငေးကြည့်လည်း
ဧပရယ်လ်ဟာ ဆက်သွယ်မှုဧရိယာထဲ ရောက်မလာခဲ့ဘူး
ငါ့ရဲ့ ညကို နက်သထက်နက်စေသော
နှစ်ချို့ဝိုင်လေးရေ ....
အလွမ်းတွေ ထည့်ဖောက်ထားမိတော့
အချိန်ကြာလေလေ ချစ်ခြင်းတွေ ပိုခမ်းနားလာလေ
မင်းရယ်သံခပ်ပါးပါးလေးမှာ
ငါဟာ .. အိပ် မက် တွေ ဆက် မက် ခွင့် မ ရှိ တော့ သူ လားးးး

အိမ်ရှင် < Ko Ki & k >

My photo
မင်း စိတ်နဲ့ ရွာတဲ့မိုးကလေ တိတ်တယ်လို့ကိုမရှိဘူး လက်ကျန်နှစ်တွေဟာ မင်းရယ်သံလွင်လွင်လေးမှာပဲ အုတ်မြစ်ချထားတယ်ဆိုတာ ယုံ..လှည့်..တော့..ကွယ်